Saturday, June 11, 2016

မေ့​မေ့အတွက်​ နှင်းဆီ


အမျိုးသားတစ်​​ယောက်​က မိုင်​(၂၀၀)အကွာမှာ
နေထိုင်​တဲ့ သူ့မိခင်​ထံ ပန်းတစ်​ချို့မှာပြီး ဆိုင်​ကို
ပို့ခိုင်းမယ်​လို့ ရည်​ရွယ်​ရင်း ပန်းဆိုင်​တစ်​ဆိုင်​​ရှေ့မှာ ကားရပ်​လိုက်​ပါတယ်​။

သူ ကားထဲက ထွက်​လိုက်​တဲ့အချိန်
ပလက်​​ဖောင်း​ပေါ်မှာ ရှိုက်​ငိုရင်း ထိုင်​​နေတဲ့
ခပ်​ငယ်​ငယ်​ က​လေးမ​လေးတစ်​​ယောက်​ကို
သတိပြုမိလိုက်​တယ်​။

"ဘာဖြစ်​လို့ ငို​နေတာလဲ" လို့ က​လေးမ​လေးကို သူ​မေးလိုက်​​တော့ -

"ကျွန်​မ ​မေ​မေအတွက်​ နှင်းဆီနီတစ်​ပွင့်​ ဝယ်​ချင်​လို့၊ ကျွန်​မမှာ (၇၅) ဆင့်​ပဲရှိတယ်​။ နှင်းဆီပန်းတစ်​ပွင့်​က နှစ်​​ဒေါ်လာကြီးများ​တောင်​..."
က​လေးမ​လေး အ​ဖြေကြား​တော့ သူပြုံးပြီး -

"ငါနဲ့ အထဲ လိုက်​ခဲ့၊ မင်းကို နှင်းဆီပန်းတစ်​ပွင့်
ဝယ်​​ပေးမယ်​"

က​လေးမ​လေးကို နှင်းဆီပန်းတစ်​ပွင့်​ ဝယ်ပေးပြီး သူ့မိခင်​အတွက်​လည်း ပန်း​တွေမှာခဲ့တယ်​။ အဲဒီ​နောက်​ က​လေးမ​လေးကို ကားကြုံ​ခေါ်တင်​လာပြီး သူ ရပ်​ခိုင်းတဲ့ ​နေရာ ရပ်​​ပေးလိုက်​​တော့ က​လေးမ​လေးက ဆိုတယ်​။

"​ကျေးဇူးပြုပြီး ကျွန်​မ ​မေ​မေကို နှင်းဆီပန်း ကိုယ်​တိုင်​​ပေး​ပေးပါလား"

က​လေးမ​လေး ညွှန်​ပြတဲ့ ​နေရာကြည့်​လိုက်​​တော့ အုတ်​ဂူတစ်​ခု...။

အဲဒီကအထွက်​ အမျိုးသားက အိမ်​မပြန်​ဘဲ ပန်းဆိုင်​ကိုလှည့်​သွားခဲ့တယ်​။ ပြီး​တော့ သူ့မိခင်​ထံ ပို့​ဆောင်​​ပေးဖို့ အမှာကိုရုတ်​သိမ်းပြီး ပန်းစည်းကို ကိုယ်​တိုင်​ယူရင်း မိုင်​(၂၀၀)အကွာက သူ့မိခင်​အိမ်​ဆီ ​မောင်းနှင်​ခဲ့ပါ​တော့တယ်​။

(မှတ်​ချက်​ ။    ။ ဘဝဆိုတာ တိုတို​လေးပါ။ အဲဒီအချိန်​ကာလအတွင်း သင်​ချစ်​တဲ့သူ၊ သင့်​ကို ချစ်​ခင်​တဲ့သူ​တွေကို အချိန်​များများ ​ပေးလိုက်​ပါ။ သိပ်​​နောက်​မကျခင်​ သူတို့နဲ့ အတူတူ​ပျော်​ရွှင်​စွာ ဖြတ်​သန်းပါ။ မိသားစုထက်​ ပိုအ​ရေးကြီးတဲ့ အရာဆိုတာ မရှိပါဘူး။)