Sunday, December 20, 2015

တွယ်ရာမဲ့ ခဲ့သော ဆောင်း


၁။
ထိုင်းနိုင်ငံဘန်ကောက်မြို့ ရဲ့ ဆောင်းရာသီမှာ အခန်း
တစ်ခုထဲမှာ နေရ မယ်ဆို ရင်အင်မတန်နွေးထွေး
စရာကောင်းမှာပဲ ။

''ဟူးးးးးးးး''
လေးလံ လှသော သက်ပြင်းချသံနှင့်အတူ အေးစက်လှသော
ပတ်ဝန်းကျင် ထဲသို့ ကျွန်တော့ရဲ့ အပူအပင်များ ကို လေထု
တစ်ခု အသွင် မူတ်ထုတ်လိုက်ခြင်း ဖြစ်ပေသည်။
အခုမှ ထောင်က လွှတ်လာ၍ သွားစရာ နေစရာ ကလည်း
မရှိသဖြင့် ခေါင်းကို တဗျင်းဗျင်းမြည်အောင် ကုတ်ရင်း
စဉ်းစားရခတ်ချေပြီး။

ထိုင်နေသော ခုံဘေးရှိ စာရွတ် တစ်ချို့အားကောက် ယူကာ
ခန္ဓာကိုယ် အနှံ့ နွေးထွေးမူရလို ငြား ဖုံအုပ်နေမိသည်။
လေပြည် တစ်ချက် ဝေ့တိုင်း စာရွက်တစ်ချို့က 
ပြန့်လွှင့် ကုန်ကာ နှလုံးသားကိုပါ ထုံကျင်လာသလို
ခံစားမိလေသည်။
ကျွန်တော် ထောင်ထဲသို့ ဒုတိယ အကြိမ်ပြန်သွားချင်
သည်မှာလည်း ဆောင်းရာသီရဲ နှင်းမူန် အချို့က 
ဆန်းကြယ်သည် ဟု ထင်မည်မဟုတ်ချေ။

ပင်ပင်ပန်းပန်း အလုပ်လုပ်ရသော် လည်း ထမင်းအနည်း
ငယ်ကျွေးကာ နေွးထွေးနေသော ထောင်ကို ပင် တစ်ချက်
တစ်ချက် ပြန်သတိယနေမိသည်။
လေပြည် တစ်ချက်တိုက်ခတ်တိုင်း ထောင်ထဲ၌ နေခဲ့သော
နွေးထွေးမူက လှောင်ပြောင်နေသလိုလို ခံစားမိသည်။
ညက အတော်နက်၍ တိတ်ဆိတ် ငြိမ်သက်နေပြီး
ဖြစ်သော်ကြောင့် ကားလမ်းတစ်လျှောက် ကုန်ကားတစ်ချို့နှင့်
ကားအနည်းငယ်သာ ရှိတော့သည်။

ကျွန်တော် ရဲ့ တွေဝေ နေသော စိတ်များသည် လည်း
အေးစက်လှသော ဆောင်းည ဒဏ်ကို မခံနိုင်၍ ဆုံးဖြတ်ချက်
တစ်ခုချခဲ့တော့သည်။ အခြားတော့မဟုတ်ပေ ထောင်းထဲ
ဒုတိယ အကြိမ်ပြန်သွားရန် ကြိုးစားရမည်။
''ငါထောင်ထဲ ရောက်အောင် ဘယ်လို လုပ်ရမလည်း''
ကျွန်တော် စိတ်ထဲ မှ ရေရွတ်ရင် ထိုင်နေသော ခုံလေမှ
ထခဲ့၏။
ဒီလို နေစရာ၊စားစရာ မရှိသော လမ်းဘေး လူတစ်ယောက်
အတွက် နေခဲ့သော ထောင်ကြီးကပင် ပိုပြီး သက်တောင့်
သက်သာ ရှိမည်ဟု ကျွန်တော် စဉ်စားမိချေ၏။

တင်းတောင့်နေသော အကြောနှင့် သွေးကြောများ
ဆူပွတ်လာစေရန် ခန္ဓာကိုယ်အား ဘယ်ညာလှည့်ကာ
လူပ်ရှားလိုက်မိသည်။ 
''အင် ဒီအချိန်မြို့ထဲက ညလုံးပေါက် ဆိုင်အချို့ဖွင့်ဦးမှာပဲ
ထောင်ကျလို့ ကျငြား လုပ်ကြည့်ရမယ်''
ကျွန်တော့ရဲ့ ဝမ်းနည်းပူဆွေးသော မျက်နှာ အနည်းငယ်
ပြုံးရောင်သန်းကာ ခြေလှမ်းများ သွတ်လတ်နေမိသည်။

မြို့အဝင်တွင် လဖ္ဘတ်ရည် ဆိုင်တစ်ခုအား
ကျွန်တော် ပထမဆုံး တွေ့ရသည်
''ဒီဆိုင်မှန်ကို ကျောက်ခဲနဲ့ထုလိုက်မယ် ပြီးရင် ရဲခေါ်မယ်
ဖမ်းရင်ထောင်ထဲပြန်ရောက်မယ် ဟုတ်ပြီး''
ကျွန်တော် ကျောက်ခဲ တစ်ခုကိုင်ကာ ဆိုင်အပြင်ဘက်
ကာထားသောမှန်အား လွဲပစ်လိုက်လေသည်။

''ခွမ်းးးးး'''

ပြင်းထန်လှသော မှန်ကွဲသံနှင့်အတူ လူတစ်စု ပြေးထွက်လာ
ကြလေသည်
''ဘယ်ကောင်လည်း ကွ ဆိုင်ကို ကျောက်ခဲနဲ့ထုတာ''
ကျွန်တော် ထွက်လာသော လူတစ်စုအား ခပ်မဲ့မဲ့ပြုံးပြကာ
''ကျွန်တော် ပစ်တာပါ ရဲခေါ်ပြီးဖမ်းခိုင်းပါ''
''ဟာ ပစ်တဲ့ကောင်က ဘယ်မှ မပြေးပဲ သူပစ်တယ်
ပြောမလားကွ လိုက်ကြဟေ့ ဒီနားမှာပဲ ရှိနေဦးမှာ''
လူတစ်စု နေရာအသီးသီး သို့ ထွက်ခွာ သွား
ကြလေသည်။
''အော် ကံတရားများ ကောင်းချင်တော့ ကြံဖန်ကောင်းနေပြန်
ပြီး ကျွတ် ကျွတ်''
တစ်ခုခုအား မကျေနပ်ဟန်ဖြင့် ပါးစပ်မှ အသံထွက်ကာ
ကျွန်တော် စုပ်သက် မိလေသည်။
မစီဆိုင်လှသော ကံတရာကိုပင် ကျွန်တော် အမြင်မကြည်
ဖြစ်ခဲ့မိသေးသည်။

၂။
''ဟာ ဟိုမှာ စားသောက်ဆိုင် ကြီးပါ့လား ဗိုက်ဆာ
နေတာနဲ့ အတော်ပဲ ဝင်စားပြီး ပိုက်ဆံမပေးရင်
ရဲခေါ်မယ် ပြီးရင် ဖမ်းမယ် တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲလေ''
စိတ်ထဲမှ ပေါ်လာသော အကြံအား ဝမ်းသာအားရ 
ဟန် ဖြင့် ခြေအစုံကို ငုံကြည့် လိုက်သည်။
ဆေးသားပျယ်နေသော ဘောင်းဘီ ရှည်ရှည် က
ပြဲနေတဲ့ ရူးဖိနပ် နုတ်ခမ်းသားကို ဖုံးအုပ်သည့်အထိ
လျော့ကျနေသည် အပေါ်က ခပ်နွမ်းနွမ်း ကုတ်အင်္ကျီ ကလည်း
သိပ်တော့ မစုတ်သေး၍ ကျွန်တော် ဆိုင်ထဲ ဝင်လို့ရနိုင်
သေးသည်။

ဖြုသော့နေသော အမူန်အချို့အား အနည်းငယ် ပွတ်သပ်ကာ
ဆိုင်အဝ စီသို့ ခြေလှမ်းများ ဦးတည်မိတော့သည်။
တံခါး လက်ကိုင်အား ကိုင်လိုက်ချိန်တွင်
''သွားသွား ဒါသူတောင်းစားလာတဲ့ နေရာမဟုတ်ဘူး''
ကျွန်တော့်ရဲ့ လက်မောင်းနှစ်ဖတ်အား ဆိုင်လုံခြုံရေးများ
က ဆွဲကာ အပြင်သို့ အတင်းတွန်းထုတ်ခဲ့လေသည်။
အကြံအိုက်သွား၍ ကျွန်တော် ခြေဦးတည်ရာ ထွက်ခဲ့
၏။

မီးတိုင်းအောက်တွင် မိန်းကလေး တစ်ဦးအား အမှတ်မထင်
တွေ့လိုက်ရသည်။ပို၍ ဝမ်းသာစရာကောင်းလှသည်မှာ
မလှမ်းမကမ်း တွင် လုံခြုံရေး ရဲနှစ်ယောက် ရှိနေခြင်းပင်။
''ထိုမိန်းကလေး အားရိသဲ့သဲ့ သွားလုပ်လျှင်
ရဲတွေနဲ့ လှမ်းတိုင်မယ် တိုင်ရင်ဖမ်းမယ် ဟုတ်ပြီး''
ဒီတစ်ခါတော့ လွဲ နိုင်စရာ အကြောင်းမရှိတော့ဘူး
ကျွန်တော် ဝမ်းသာအားရဖြင့် မိန်းကလေး ရှိရာစီသို့
ခပ်သုတ်သုတ်လျှောက် လိုက်သည်။
ရဲသားနှစ်ဦးကလည်း ကျွန်တော် ကို သိသိသာသာ
အကဲခပ်နေသည်။

ကျွန်တော်ပင် စကား စ' မပြောရသေး မိန်ကလေးမှ
စကားအရင်စပြောသညှ်မှာ ထိုသို့ဖြစ်၏။
''အကို ဘေးမှာ ရဲတွေရှိတယ် လာလိုက်ခဲ့ လူရှင်းတဲ့နေရာကို
သွားရအောင်''
ဟင်း ကျွန်တော် တွက်ကိန်းလွဲ သွားပြန်ပါပြီး 
သူက သာမာန်မိန်းကလေး တစ်ယောက်မဟုတ်
ညအမှောင်ကို မှီခို နေတဲ့ ညဌက်မလေး တစ်ယောက်ပင်
ဖြစ်သည်။

''အော် လူမှားသွားလို့ sorryနော်''
ရုတ်တရတ် အခြေအနေမှ ပြောင်လွဲနိုင် ရန် ပါးစပ်ထဲရှိသော
စကားကိုသာ ပြောလိုက်မိသည်။
သူကို ရိသဲ့သဲ့လုပ်လို့ နှစ်ယောက်စလုံး ရဲစစ်မှဖြင့်
ကိုယ့်အပူ က သူ့ အပူဖြစ်နေဦးမယ်။

ကိုယ်ဖြစ်ချင် တဲ့ဆန္ဒတစ်ခုအတွက် သူတစ်ပါး ထိခိုက်
သွားမှာကိုတော့ ကျွန်တော် မလိုလားပါ သူလည်း
လူထဲက လူတစ်ယောက်ပါပဲ သူ့ အခက်အခဲနဲ့ သူ
ရှိနေမယ် ဆိုတာ ကျွန်တော် သိပါတယ်။

ဒေါင်းးးးဒေါင်းးးးးဒေါင်းးးးးး
အဝေးတစ်နေရာ စီမှ ပျံ့လွှင့်လာသော နာရီသံတစ်ခု
ဖြစ်လေ၏။
အေးမြလှသော နှင်းစက် အချို့လည်း ကျွန်တော်ရဲ့
ခန္ဓာကိုယ်မှာ ခိုတွဲကျလေပြီ။
ကျွန်တော့ရဲ့ စိတ်ထဲမှာတော့ ပူလောင်နေပြီး
တစ်ဂွီးးဂွီးနှင့်မြည်နေသော ဗိုက်မှာ ဆာလောင်နေပြီ
ဖြစ်လေသည်။

''ဒီတစ်ခါတော့ ဆိုင်ငယ်လေး တစ်ခုမှာ တစ်ခုခုရအောင်
ဝင်စားမှပါ''
စိတ်ထဲမှ မချင့်မရဲ ပြောလိုက်မိသည်။
ခြေလှမ်းများလည်း လေးလံထိုင်းမိုင်း လာပြီးဖြစ်သော
ကြောင့် ဆိုင်တစ်ခု ကိုသာ အမြန်ဆုံး ရှာရတော့မည်။
ဟော့ ကျွန်တော် တွေ့ခဲ့ပါ ပြီ မီးရောင်သဲ့သဲ့ နှင့်
တစ်ခု ခုအားကြော်လှော်နေသည့် ဆိုင်တစ်ခု
အနီးအနား သို့ရောက်သောအခါ အဖွားအိုတစ်ဦး
အကြော်များ ကြော်နေခြင်းဖြစ်သည်။
''သားလေး အကြော် ယူမလို့လား''
အော် ဂရုဏာသံ နဲ့ခေါ်လိုက်တာ သားလေး တဲ့လားး
''ဟုတ် ဒါ ဒါပေမဲ့ ပိုက်ဆံမရှိပါဘူး ကျွနိတော်မနေ့ကမှ
ထောင်ကထွက်လာတာ''

စိတ်ထဲမှ ကြံစည် ထားသော အတွေးများသည်လည်း
သားလေးဟူသော စကားတစ်ခွန်းကြောင့်
ပျတ်စီး ကုန်သည် ကျွန်တော့်ရဲ့
နှလုံးသားသည်လည်း သိမ်မွေ့သွားသလို ခံစားမိသည်။
မေတ္တာ ငတ်နေတဲ့ သူတစ်ယောက်အပေါ် သား ဆိုသော
အသုံးအနူန်းတစ်ခုက လွန်စွာ မှ နှစ်လိုဖွယ် ဖြစ်၏။

၃။
အဖွားအိုမှာ သူရဲ့ သားအရင်းသဖွယ် ဂရုဏာသံလေးဖြင့်
''လာစာလှည့်ပါ သား အဖွားအလာကားကျွေးပါ့မယ်
လူဆိုတာ ဆာလောင်တက်တဲ့သတ္တဝါပါ အဲ့ ဒီအစား
အသောက်ကြောင့်ပဲ လောဘတွေ နောက်က ဒေါသတွေ မောဟ တွေကြား လူတွေ ပျက်စီးနေကြတာပါ''
အဖွားရဲ့ စကား တစ်ခွန်းကြောင့် ကျွန်တော် တစ်ခုခု
အားသံဝေဂရ သွားသလို ဖြစ်ခဲ့၏။

''အဖွားပြောတာ ကျွန်တော် မရှင်းပါဘူး တစ်ဆိတ်လောက်
ရှင်ပြပေးပါ့လားအဖွာ''
အိမ်း အစားအသောက် ဆိုတာတော့ အလွယ်တကူ
ပြီးစလွယ်ခေါ် လိုက်တာပါသား ဝမ်းအတွက် 
အစားအသောက် လောဘထက် လူနေမူအဆင့်အတန်း
ဆိုတဲ့ အစားအသောက် ရဲ့ လောဘက ပိုလွန်းပါတယ်
သူများချမ်းသာသလို ငါချမ်းသာရမယ် ဆိုတဲ့စိတ်နဲ့
လောဘ အရင်တက်ပါတယ် သူက ဘာစားတယ်
ငါလည်း ဘာစားမယ် ဆိုသလိုမျိုးပေါ့ကွယ်'
ရိုးရိုးပြိုင်တယ် မနိုင်တော့ မသာမာမူနည်းနဲ့ ပြိုင်တယ်
မသာမာမူနဲ့ နိုင်ဖူးသူဟာ မသာမာတဲ့နည်းလမ်းကိုပဲ
သူ့အတွက် အကောင်းဆုံးလို့ ထင်နေတက်ကျတာ
မလွန်ဆန် နိုင်တဲ့ ဓလေ့တစ်ခုပါ သား။
တကယ်တော့ ရိုးရိုးသားသားနဲ့နေတဲ့ဘဝကသာလျှင်
တန်ဖိုးအရှိဆုံး အစားအသောက်နဲ့ နွေးထွေးမူအဖြစ်ဆုံးပါ
ငါ့သား လည်း ရိုးရိုးသားသားနဲ့ နေမယ်ဆိုရင်
နွေးထွေးပြီး ခွန်အားရှိတဲ့ အစားအသောက် မှီဝဲနေ ရသလိုပါပဲ''

''ဟုတ်အဖွား ကျွန်တော် နာလည်ပါပြီ''
အဖွားအို ကျွေးသော အကြော် ပူပူလေးအား 
စားနေရင် ကျွန်တော်ရဲ့ ဒုတိယ အကြိမ်ထောင်ထဲ ပြန်သွားချင်တဲ့ စိတ်က ကုန်လွန်ခဲ့ပါသည်။
အကြော်သုံးခု စားပြီးသောအခါ ကျွန်တော် အဖွားအား
ကန်တော့ခဲ့လေသည်။

တကယ်တော့ ထောင်ဆိုတဲ့ အရာဟာ မကောင်းတာ
လုပ်တဲ့ သူတွေကို ပြုပြင် ၊ဆုံးမ ၊သွန်သင်နေတဲ့
ကျောင်းတစ်ခု ဆိုတာ ကျွန်တော်နားလည် ခဲ့ပါတော့တယ်

အခုက စပြီးအလုပ်တစ်ခု ရအောင်ရှာပြီး ရိုးရိုးသားသား
နဲ့ အဖွားပြောခဲ့ သလိုပဲ ကျွန်တော်နေတော့မယ်
လွဲမှားနေတဲ့ ကျွန်တော် စိတ်ကုးတွေကို ပြောင်းလဲ
ပေးနိုင်ခဲ့တာ ကျေးဇူးရှင် အကြော်သည် အဖွားအိုပါ

''အင့် '

''ဟာဟေ့ကိုယ့် လူဘယ်လိုလုပ်တာလည်း မမြင်ဘူးလား''
ကျွန်တော် ရဲ့ ပျံ့လွှင့်နေသော အာရုံ များအား
ပြန်လည် စုစည်း မိချိန်တွင် အရာတစ်ခုကို
ကျွန်တော် ဝင်တိုက်မိလေပြီ။

ထိုအရာက အခြားတော့မဟုတ် အစောင့်ရဲတစ်ဦးပင်
''ကိုင် ခင်းဗျား မူးမူးရူးရူးနဲ့ လမ်းပေါ်လျောက်သွားနေ
တယ်ပေါ့ ကျုပ်ကိုတောင်မမြင်ဘူး''
''ဗျားး မဟုတ်ပါဘူး အကြွော်ဆိုင်က ပြန်လာတာပါ''
''မင်းဘယ်က ပြန်လာလာ ငါနဲ့မဆိုင်ဘူး
ငါ့လိုရဲကိုတောင် အသာလွတ်ဝင်တိုက် ရဲတာပဲ
စခန်းရောက်မှရှင်း''
''ကလစ် ချောက် ချောက်''
ထိုအသံကို ကျွန်တော် ရင်နှီးလှ၏ အခြားတော့မဟုတ်
လက်ထိပ်တစ်ခု၏ ဘယ်ညာသောခတ်သံပင်ဖြစ်သည်။
ထိုင်းနိုင်ငံ ဘန်ကောက် ရဲတစ်ဦးအား ကျွန်တော် ခံငြင်းနေလည် ပြောင်လဲမည် မဟုတ်ပေ။

ထိုမနက်မိုးလင်း သောအခါ လမ်းပေါ်မူးပြီးလျှောက်သွားခြင်း
မှောင်ရိပ်ခိုခြင်း၊သူတစ်ပါအား စိတ်အနှောက်အယှက်
ဖြစ်စေခြင်း စသည့် ပုဒ်မ အမျိုးမျိုးက ကျွန်တော်
တောင်းတဖူးခဲ့သော ထောင်ထဲသို့ ၆ လ ခွင့်ပြုလိုက်တော့၏။

လွတ်လပ်မူ ကို အသုံးမချတက်သော ကျွန်တော့်ရဲ့
အတွေးသည်လည်း ထိုဆောင်ရာသီကို ထောင်အတွင်း၌
ပြန်လည်ကာ ချုပ်နှောင်ရပေဦးမည်။

လွတ်လပ်မူ ကို အသုံးမချတက်သဖြင့် 
မှားယွင်းစွာ နေထိုင်မိသည်
စစ်မှန်သော နွေးထွေးမူကို မသိသဖြင့်
အေးချမ်းမူကို နာကျဉ်းမိသည်
လွတ်လပ်မူ ကို သိလိုက်သော
အချိန်ဝယ်
စစ်မှန်သော နွေးထွေးမူကို သိလိုက်သော
အချိန်ဝယ် 
ပြန်ပြုပြင်လို့မရတဲ့ အချိန်ကာ
ကျော်လွန်ခဲ့လေပြီ။

laminkoko

No comments:

Post a Comment