Sunday, December 20, 2015

မယုံမရှိနဲ့


မယုံမရှိနဲ့
    
ဘယ်မိန်းမကိုမှ အလိုလိုက်ပီး`အဲ့လောက်မလုပ်ပေးနိုင်ဘူး´
ဆိုတဲ့ယောကျာ်း...................
သူတို့တကယ်ချစ်သွားတဲ့မိန်းကလေးကို ခြေထောက်ကိုင်ပီး ဖိနပ်စီးပေးဖို့ ဝန်မလေးတတ်ကြဘူးဆိုတာ မယုံမရှိနဲ့ 
.............
သူ့အမေကလွဲပီး ဘယ်မိန်းမကမှ `ဆံပင်ကိုင်တာမျိုး ခေါင်းကို ကိုင်တာမျိုး´ ကိုလက်မခံတတ်တဲ့ယောက်ကျား......
သူတို့တကယ်ချစ်သွားတဲ့မိန်းကလေး က
ဆံပင်ဆောင့်ဆွဲတတ်တာမျိုး နားရွက်လိမ်ဆွဲတတ်တာမျိုးလေးကိုပဲ အပြုံးမပျက်ကြဘူးဆိုတာ မယုံမရှိနဲ့ 
.............
ယောက်ကျားလေး သဘာဝ ကပြက်ကချော်နိုင်ပီး
အချိန်ကို လေးစားရကောင်းမှန်း
မသိတတ်တဲ့ယောက်ကျား.................
သူတို့တကယ်ချစ်သွားတဲ့ မိန်းကလေးနဲ့ ချိန်းထားတဲ့အချိန်နောက်ကြသွားရင် စိတ်ဆိုးမှာကြောက်တာကြောင့်
အချိန်တိကျသွားတတ်ကြတယ်ဆိုတာ မယုံမရှိနဲ့ 
.............
စိုးရိမ်ပူပန်တတ်တာဆိုတာ ဘာမှန်းမသိ
သူတို့ကိုယ် သူတို့တောင် ဂရုစိုက်ရကောင်းမှန်း
မသိတတ်တဲ့ယောက်ကျား...............
သူတို့တကယ်ချစ်သွားတဲ့ မိန်းကလေး နှာစီး/ ချောင်းဆိုးတာ
လေးကအစ လိုက်ပီးစိုးရိမ်တကြီးနဲ့ ဂရုစိုက်နေဖို့
မှာတတ်သွားကြတယ်ဆိုတာ မယုံမရှိနဲ့ 
...............
ဘယ်သူတွေ ဘယ်လိုဆုံးမ ဆုံးမ မနာခံခဲ့ပဲ
ခပ်ဆိုးဆိုးအကျင့်တွေကိုပဲ လုပ်ခဲ့တဲ့ ယောကျာ်း..........
သူတို့တကယ်ချစ်သွားတဲ့ မိန်းကလေး မကြိုက်တာဆိုရင်
ကြိုးစားပီး ပြုပြင်ပေးလာ တတ်ကြတယ်ဆိုတာ
မယုံမရှိနဲ့ 
...................
ရှိလားဒီလိုချစ်သူယောကျာ်းလေးမျိုး.........??????????
ဒီလို ချစ်သူမျိုး ပိုင်ဆိုင်ထားတဲ့မိန်းကလေးဆိုရင်
ကိုယ့်ချစ်သူကို တန်ဖိုးထားတတ်ပါ
credit Daw M Cube

No comments:

Post a Comment